မုံရွာမြို့တွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးကို ဘာသာရေးခုတုံးလုပ်၍ လိမ်လည်ပြီးအလှူငွေရှာနေသောကြောင့် ဖမ်းဆီးသတိပေးခဲ့ကြောင်း Farmer Revolution Force(CHU)က ထုတ်ပြန် သည်။
ယမန်နေ့(ဇွန် ၁၄)က မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ (၁၂)တွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးသည် အသံချဲ့စက်သုံးပြီး သုံးဘီးဆိုက်တွဲဖြင့် လှည့်လည်အလှူခံသည်ကို ပြည်သူများက သတင်းပေးတိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် FRF(CHU)၊ မုံရွာဗန္ဓုလနှင့် အဖွဲ့သားများ LDF ၊ ကျေးရွာပြည်သူ့လုံခြုံရေး(ပလဖ) တို့ပူးပေါင်းပြီးစစ်ဆေးခဲ့ရာ လိမ်လည်မှုထင်ရှားသဖြင့် ထိုင်ထနှင့် ကြိမ်ဒဏ်အပြစ် ပေးခဲ့သည်ဟု ထုတ်ပြန် သည်။
ယင်းအပြင် ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
