KNU သထုံခရိုင် တပ်မဟာ(၁)၊သထုံမြို့နယ် KNLAတပ်ရင်း(၂)နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ဇွန် ၁၃ ရက်ဖြစ်သောတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၁၇ ဦးခန့်ရှိကြောင်း ကျိုက်ထိုခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်တပ်ရင်း – ၃က ယနေ့(ဇွန် ၁၄ ရက်)
တွင် ထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၁၃ ရက်)နေ့လည် ၂ နာရီ ၃၂ မိနစ် ခန့်က ကျိုက်ထိုမြို့နယ် ဂူကူးကျေးရွာအနီး စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေတပ်မတော်တပ်ရင်း-၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့မှုဖြစ် ပွားချိန် ၁၀ မိနစ် ခန့်ကြာမြင့်ခဲ့သည်ဟုသိရသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး ခြေထာက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင် စီဘက်မှ အရေးပေါ်လူနာတင်ကား၃စီးဖြင့်၎င်းတို့၏သေဆုံး၊ ဒဏ်ရာရသူများကိုလာရောက်သယ်ဆောင်သွားကြောင်း အသိပေးသည်။
ထို့အပြင်ယနေ့ (ဇွန် ၁၄ ရက်) နံနက် ၆ နာရီခွဲခန့်ကဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင်KNLAဦးဆောင်သောပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်းကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲကမငြိမ်သေးဘူး။ရန်သူ့ ဘက်က တိုးလာလို့ ကြားဖြတ်တိုက်နေတာ”ဟု ၎င်းကလူထုနွေဦးသို့ပြောကြားသည်။
ဇွန်၁၄ရက်နံနက်၆နာရီခွဲခန့်ကစ၍ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံတပ်များမှလက်နက်ကြီးများဖြင့် ပစ်ကူပေးနေ၍လည်း တိုက်ပွဲ အနီးရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုရှိပြီး ပြည်သူများထိခိုက်မှုရှိ၊မရှိကိုမူ မသိရသေးဟု ထုတ်ပြန်ထားသည်။
ထိုအပြင် ယနေ့နံနက်မှာပင် ကျိုက်ထို မြို့နယ် မဲရုံးကြီးကျေးရွာအနီးစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို KNLA /PDFပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့သည်။KNLA နှင့် PDF များဘေးကင်းပြီး စစ်ကောင်စီတပ်သေဆုံးမှုရှိ၊မရှိကို အတည်မပြုနိုင်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ဇွန်လဆန်းပိုင်းကစ၍ KNU တပ်မဟာ ၁ နယ် မြေအတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကိုနှစ်ကြိမ်ကြားဖြတ်တိုက် ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသေးသည်။
