UNOCHA ရဲ့စာရင်းတွေအရ ၂၀၂၂ မေလ၃၁ ရက်အထိ့မြန်မာနိုင်ငံမှာစစ်အုပ်စု အာဏာသိမ်းမှုနောက်ဆက်တွဲတိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးရသူစုစုပေါင်း ပထမဆုံးအကြိမ် တစ်သန်းပြည်ပြီလို့ဆိုပါတယ်။ အာဏာမသိမ်းခင်ကတည်းက စစ်ပွဲတွေကြောင့်ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၄၆၆၀၀ ဦးရှိပြီးတော့ ၊စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အာဏာသိမ်းမှုနောက်ဆက်တွဲ တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ ပေါင်း ၆၉၄၃၀၀ဦးရှိပြီလို့ဆိုပါတယ်။ စုစုပေါင်းအတိအကျပြောမယ်ဆိုရင် ၁၀၄၀၉၀၀ ဦးရှိပြီလို့ UNOCHA ရဲ့စာရင်းတွေကဆိုပါတယ်။
ဒါပေမယ့် ကရင်နီ(ကယား)ပြည်နယ်မှာဆိုရင် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေတဲ့အဖွဲ့အစည်းတွေရဲ့စာရင်းအရ စစ်ရှောင်ပြည်သူ နှစ်သိန်းကျော်ရှိပေမယ့် UNOCHA စာရင်းမှာ ၉၁၇၀၀ ဦးသာရှိပါတယ်။ဒါကြောင့် အမှန်တစ်ကယ်နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေကဆိုပါတယ်။
