တမူးမြို့ မြို့နယ်ပညာရေးမှူးရေးမှူးရုံး ယနေ့(ဇွန်၄ရက်)ညနေ၃နာရီခန့်က မီးလောင်သွားကြောင်းဒေသခံများကပြောသည်။
မီးလောင်ရသည့် အကြောင်းအရင်းကိုသေချာမသိရသေးဘဲ ပညာရေးမှူးရုံးမှာ တနာရီအတွင်း တစ်ရုံးလုံးနီးပါးလောင်ကျွမ်းသွားသည်ဟုဒေသခံများကပြောသည်။

“စနေနေ့ရုံးပိတ်ရက်မှာလောင်တာ ပြာကျတော့မှာ မီးသတ်ကားတွေရောက်လာတာ။ “ဟုတမူးမြို့ခံတစ်ဦးကပြောသည်။
အဆိုပါမီးလောင်မှုကို PDF များက ရုံးအစောင့်ကိုသေနတ်ထောက်ပြီးရုံးအားဓါတ်ဆီလောင်း မီးရှို့သွားသည်ဟုစစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းများက ဝါဒဖြန့်လျက်ရှိသည်။

မြို့ပေါ်တွင် စစ်ကောင်တပ်များလုံခြုံရေးယူထားသော်လည်း မီးလောင်ကျွမ်းပြီး အချိန်အတော်ကြာမှ စစ်ကောင်စီတပ်သားများလာရောက်မီးငြိမ်းရန်ကြိုးစားခဲ့ခြင်းဖြစ်သည်ဟုမြို့ခံများကပြောသည်။
