မန္တလေးဈေးချိုတော် ၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးတွေ မှာရှိတဲ့ ဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ဆိုင်မဖွင့်ရင် ဆိုင်ခန်းတွေကို သိမ်းမယ်လို့ မန္တလေးစည်ပင်ကစာထုတ်ပြီး ခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။
ဆိုင်ခန်းတွေကိုပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဖွင့်လှစ်ဖို့ ဖိအားပေးခဲ့ပါသေးတယ်။
အဲဒီနောက် ဖွင့်လှစ်တာမရှိသေးတဲ့ဆိုင်ခန်းတွေကိုသိမ်းဆည်းမယ်လို့ စည်ပင်က ထပ်မံခြိမ်းခြောက်လာတာလို့ ဆိုင်ခန်းပိုင်ရှင်အချို့ထံကသိရပါတယ်။
ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။
