အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသတွင်းသို့ စစ်ကြောင်းထိုးလာ၍ ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲ- ဘောလခဲလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၆)က ထုတ်ပြန်သည်။
ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ နန်းဖဲရွာအနီးတစ်ဝိုက်တွင် မေလ ၂၃ရက်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)/KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီးကား တစ်စီးဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF တပ်ရင်း (၁၆)က ထုတ်ပြန်ထားသည်။
