စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ ကလေးသူငယ် ၅ သန်း ဟာ မကြုံဖူးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အဆောတလျင်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
အကူအညီလိုအပ်တဲ့ ကလေးငယ် ပမာဏာဟာ ၂၀၂၂ ခုနှစ်အတွက်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာမြင့်တက်လာတဲ့ ပဋိပက္ခတွေ ၊အကြမ်းဖက်မှုတွေများလာတာ ၊ ဆင်းရဲမွဲတေမှုမြင့်တက်လာတာ ၊ပြည်သူ့ဝန်ဆောင်မှု တွေပြတ်တောက်တာတွေ ကြောင့် ကလေးငယ်တွေ အကူအညီလိုအပ်လာတာလို့ ယူနီဆက်က ဆိုထားပါတယ်။
ဒါအပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အလိုရှိသူ မိဘဖြစ်သူတွေကို မမိရင် ကလေးငယ်တွေကို ပါ ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ကလေးငယ်တွေဖမ်းဆီးခံရတဲ့သတင်းကိုတော့ စစ်ကောင်စီဘက်က ပြန်လည်ဖြေရှင်းတာမျိုးမရှိဘဲ သတင်းအမှောင်ချထားပါတယ်။
