လျှပ်စစ်မီတာခမဆောင်လျှင် မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်နေသည့် ထန်းတပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦးအားရှင်းလင်းခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့(From Zero to Hero)က ထုတ်ပြန်သည်။
ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြား
တွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ဦးသောင်းမြင့်ဆိုသူမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားပြီး ၎င်း၏သားဖြစ်သူမှာ သေနတ်ဒဏ်ရာတစ်ချက်ရ၍ ရေမြောင်းထဲထိုးဆင်းသွားပြီး ယခုချိန်ထိ မပေါ်လာသေးသ၍ သေဆုံးမှုအား အတည်မပြု၍ မရရှိသေးပေ။
“သေမှာ မကြောက်တဲ့သူတွေအနေနဲ့ ဒလန် ဘောမနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ အဖြစ်ဆက်လုပ်ပါလို့ အသိပေးချင်ပါ တယ်”ဟု From Zero to Heroက People’s Spring သို့ ပြောသည်။
ရေစိုမငေးစုကျေးရွာ စစ်ကောင်စီထောက်တိုင် ဒလန်ဦးသောင်းမြင့်သည် ကျေးရွာအတွင်းရှိ မီတာခများအား လိုက်လံကောက်ခံ၍ မီတာခမဆောင်လျှင်မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ခြင်း အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆန္ဒပြပွဲများတွင်ပါဝင်သော ကျေးလက်နေပြည်သူများအား စခ/ရခ နဲ့ပူးပေါင်း၍ မတရားဖမ်းဆီးခြင်းတွင်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
