ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် နေအိမ်လေးလုံးရှိပြီး ၎င်းတို့ကို လေလံတင်ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ ပြောကြားသည်။
မင်းအောင်လှိုင်၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တစ်ခုတည်းတွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုက သိမ်းယူပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း ၆၀အထိရှိသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အမေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။
အဆိုပါ ရောင်းချမှုမှာ ယနေ့အထိ ကန်ဒေါ်လာ ၅သန်းကျော်ဖိုး ရှယ်ယာရောင်းချပြီးလည်းဖြစ်သည်။
