●NUG နှင့် ULA/AA ခေါင်းဆောင်များတရာဝင်တွေ့ဆုံဆွေးနွေးမှုကိုပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခြင်းဖြစ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။
မေလ ၁၆ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဦးမင်းကိုနိုင်တို့ ဦးဆာင်သည့် ကော်မတီ အဖွဲ့ဝင်များ၊ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ သည်ဟု ဖော်ပြသည်။
နွေဦးတော်လှန်ရေးကာလတွင် NUG နှင့် AA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သော်လည်း သတင်းမထုတ်ပြန်ခဲ့ဘဲယခုအကြိမ်ထူးခြားမှုမှာNUG နှင့် ULA/AA ခေါင်းဆောင်များကြားတရာဝင်ဆွေးနွေးမှုကို ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
“ခုလိုတရားဝင်ကျေညာတယ်ဆိုကထဲက အောင်မြင်မှုရလို့ပဲ” ဟု နိုင်ငံရေးသမားတစ်ဦးကမှတ်ချက်ပြုသည်။
ဆွေးနွေးမှုသည် ၂နာရီ ခန့်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ULA၏ တပ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်(AA)သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ နှစ်ဖက် နားလည်မှုနှင့် အပစ်ရပ်စဲထားသော်လည်း ယခုလပိုင်းအတွင်းစစ်ရေးတင်းမာမှုနှင့်တိုက်ပွဲများရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် ဖြစ်ပွားခဲ့သည်။
AA နှင့် စစ်ကောင်စီတပ် စစ်ရေးပိုမိုတင်မာလာချိန်တွင်AAစစ်ဦးစီးချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကို အာရုံနောက်အောင်ဆက်လုပ်နေပါကဌာနချုပ်အထိ့လာတိုက်မည်ဟုသတိပေးခဲ့သည်။ ထိုအပြင် အကြမ်းဖက်စစ်ခေါင်ဆောင် မင်းအောင်လှိုင်ဖိတ်ခေါ်သောငြိမ်းချမ်းရေးဆွေးနွေးပွဲကို AA ကမတက်ရောက်ပေ။
မေလ ၁၅ ရက်နေ့ကလည်းချင်းပြည်နယ် ကန်ပက်လက်မြို့နယ် သံထောင်ကျေးရွာသို့ စစ်ကောင်စီ၏ရိက္ခာလာပို့သောရဟတ်ယာဥ်ကို AA ကပစ်ခတ်ခဲ့သည်။
