ရဟတ်ယာဉ်ဌားရမ်း၊ဝယ်ယူတာနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စွဲဆိုခံထားရတဲ့အမှုမှာ တရားလိုဖြစ်သူ တရားခွင်ကို ရောက်မလာတာကြောင့် ဒီနေ့ မစစ်ဆေးဖြစ်ဘူးလို့သိရပါတယ်။
တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဟာ ကျန်းမာရေးကြောင့် ဒီနေ့တရားခွင်ကိုရောက်မလာနိုင်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေထံကသိရပါတယ်။
တရားလိုရောက်မလာနိုင်တာကြောင့်လာမယ့်ရုံးချိန်းကို မေလ ၂၃ ရက် ကိုချိန်းဆိုလိုက်ပါတယ်။ ဒီနေ့ တရားခွင့်ကိုတက်လာတဲ့ သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။
NLD အစိုးရ လက်ထက်မှာ သဘာဝဘေးအန္တရာယ် အရေးပေါ်ပေါက်လာရင်အသုံးပြုဖို့ ရဟတ်ယာဉ် ဌာရမ်းတာ ၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီးထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မနဲ့ သမ္မတဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည် ၊လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲထားတာဖြစ်ပါတယ်။
