နွေဦးတော်လှန်ရေးကာလအတွင်း မန္တလေး မှာ မတရားဖမ်းဆီးခံရသူတွေကို အပြင်တရားရုံး မထုတ်တော့ဘဲ အိုးဘိုထောင်တွင်း တရားရုံးမှာသာ စစ်ဆေးတော့မယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။
အရင်ကတော့ မန္တလေးခရိုင်တရားရုံးကို ရုံးထုတ်စစ်ဆေးတာမျိုးရှိပေမယ့် အခုအချိန်မှာ လုံခြုံရေးအရ အကြောင်းပြကာထောင်တွင်းမှာပဲစစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အိုဘိုထောင်မှာ ဖမ်းခံထားရသူတွေထဲက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ အမှုတွေမှအပ ပေါက်ကွဲမှု ၊လက်နက်မှု ၊အကြမ်းဖက်ဥပဒေနဲ့စွဲဆိုခံရတဲ့အမှုတွေကို ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့တာရှိပါတယ်။
ဒါပေမယ့် ခရိုင်တရားရုံးကို ရုံးထုတ်ပြီး စစ်ဆေးဖို့အတွက် လုံခြုံရေးမပေးနိုင်ဘူးဆိုကာ ထောင်တွင်းမှာ တရားရုံးလုပ်ပြီး မေလ ၂၃ ရက်ကနေစတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။
ထောင်တွင်းတရားရုံးမှာစစ်ဆေးတဲ့အခါ စစ်ဆေးမယ့်တရားသူကြီး ၊ တရားရုံးဝန်ထမ်းနဲ့ ရှေ့နေ ၊သက်သေတို့သွားရောက်ခွင့်ရမယ်လို့လည်းသိရပါတယ်။
