ဖမ်းဆီးခံထားရသူတွေဟာကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်သူ၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် ) ဥက္ကဋ္ဌ ကိုအောင်မျိုး ၊ အထွေထွေအတွင်းရေးမှူးမသီရိရတနာ၊ဒုတိယနှစ်ကျောင်းသား ကိုမျိုးကျော် ၊ ပထမနှစ်ကျောင်းသူ မပန်းအိဖြူ နဲ့ကိုကျော်ဇင်လတ်တို့ဖြစ်ပါတယ်။




ဒီလိုဖမ်းဆီးထားသူတွေထဲက ကိုအောင်နိုင်သူနဲ့မပန်းအိဖြူ တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားပြီး ကျန်သူတွေကို နှစ်ရှည်ထောင်ချလို့ရမယ့် အကြမ်းဖက်ပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တွေနဲ့ စွဲဆိုထားတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရသူ ၆ ဦးအနက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်၊နွယ်နီစံပြကျေးရွာမှာ ဖမ်းခံရတဲ့ ကိုမျိုးကျော်ဟာ ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂကထုတ်ပြန်အသိပေးထားပါတယ်။
