●မြောင်မြို့နယ်ကျောက်ရစ်ရွာတွင်ကင်းစောင့်နေသောစစ်သားနှင့်ပျူများကို တိုက်ခိုက်ရာ ၃ ဦးသေဟုဆို
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်တပ်စွဲထားသော ပျူစောထီးရွာတစ်ရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမဟာမိတ်အဖွဲ့များကသတင်ထုတ်ပြန်
သည်။
မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ပျူစောထီးကြီးစိုးရာ ကန်နီကျေးရွာအားလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။
စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ၊ သံမဏိသိန်းငှက်တပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ Young Force ၊ PKU North ၊ ဆင်ရိုင်းတပ်ဖွဲ့၊ YSO Southern PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။
ပြည်သူများအနေဖြင့် တိုက်ပွဲသတင်းများကိုနားစွင့်၍ အကြမ်းဖက်စစ်တပ်နှင့် ဝေးရာသို့ရှောင်တိမ်းကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။
ထိုအပြင် မေ ၁ ၂ ရက် နံနက် ၇ နာရီခွဲခန့်ကစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့ မှ ကင်းစောင့်အဖွဲ့ကို ရှေ့ထွက်အမြှောက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးသွားသည်ဟု မဟာမိတ်အဖွဲ့များက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း MBTT၊ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ 11Brothers ၊B.G.F (Myingyan)၊ Saw Bwar Gyi MPDF အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။
မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ မကြာခဏပစ်ခတ်မှုများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်အား မကွေးတိုင်းနှင့် မန္တလေး
တိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပါပူးပေါင်တိုက်ခိုက်နေကြသည်။
