close
Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

“ ဘာတွေသယ်ပိုးသွားကြမလဲ” 102 Not Out (2018)

အမီတာဘဂျန်က အသက် ၁၀၂ အရွယ် အဘိုးကြီးတစ်ယောက်ပါ။ သူ့မှာ အသက် ၇၅ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ ဘာဘူလားလ်တဲ့။ သားဖြစ်သူ ဘာဘူလားလ်ဟာ ဖခင်ထက်ကို ပိုပြီးအိုစာတယ်။ အရာရာကို စိုးရိမ်ပူပန်တတ်သူပါ။ ဘာဘူဟာရှင်ဖို့ရော သေဖို့ပါ ကြောက်ရွံ့နေတဲ့သူတဲ့။

ဝဇီရာ/People’s Spring

အမီတာဘဂျန်က အသက် ၁၀၂ အရွယ် အဘိုးကြီးတစ်ယောက်ပါ။ သူ့မှာ အသက် ၇၅ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ ဘာဘူလားလ်တဲ့။ သားဖြစ်သူ ဘာဘူလားလ်ဟာ ဖခင်ထက်ကို ပိုပြီးအိုစာတယ်။ အရာရာကို စိုးရိမ်ပူပန်တတ်သူပါ။ ဘာဘူဟာရှင်ဖို့ရော သေဖို့ပါ ကြောက်ရွံ့နေတဲ့သူတဲ့။

ဖခင်ကတော့ သူနဲ့ဆန့်ကျင်ဘက်။ အသက်ကသာ ၁၀၂ နှစ်။ စိတ်ပိုင်းဆိုင်ရာအသက်ကတော့ ၂၆ နှစ်။တနေ့တော့ ဖခင်က ဖွင့်ဟလာတယ်။ တရုတ်က သက်တော်ရှည်အဘိုးကြီးထက် ဂင်းနစ်စံချိန်ဝင်အောင် ကြိုးစားမယ်တဲ့။ သူ့သားကိုတော့ ဘိုးဘွားရိပ်သာပို့မယ်တဲ့။

ဖအေက သားကို ဘိုးဘွားရိပ်သာပို့မယ်ဆိုတော့ ဘာဘူ ဟာကနဲ ဖြစ်သွားတယ်။ သူက အိပ်ခန်း ခန်းဆီးလေးပြောင်းတောင် အိပ်ပျော်တာမဟုတ်ဘူးတဲ့။ မအိမ်သာက ကြွေပြားတွေလဲလိုက်တုန်းက ၆ လလောက်ဝမ်းချုပ်သွားတယ်ဗျာတဲ့။ အခု
နေရာကြီးတစ်ခုလုံး ပြောင်းတော့မလို့လားတဲ့။

Public Service Announcement

Public Service Announcement

နောက်ဆုံးတော့ ဘိုးဘွားရိပ်သာမသွားချင်ရင်၊ ဒီအိမ်မှာဆက်နေချင်သေးရင်တော့ ငါ့ဆီဘာဘူအ
သစ်တစ်ယောက် ယူလာပေးရမယ်တဲ့။ ဘယ်လိုလဲဆိုတော့ သူခိုင်းတဲ့ ချဲလင့်တွေ လုပ်ပြရမယ်တဲ့။

ဘာတွေပါလိမ့်။ နံပါတ်တစ်။ ရည်းစား စာရေးရမယ်တဲ့။ ကွယ်လွန်သွားပြီဖြစ်တဲ့မိန်းမဆီ ဘာဘူ စိတ်ပါလက်ပါ ကြိုးစားပြီး ရေးပါတယ်။ ဖအေကဖတ်ပြီးသွားတော့ အောင်မှတ်ပေးပါတယ်။ ဘာဘူ စာရေးလိုက်တာ စိတ်တွေလှုပ်ရှားသွားပါသတဲ့။

နောက်တဆင့်က ပြနေကျ ဆရာဝန်ဆီသွားဖို့ပါ။ အဲဒီဆရာဝန်ဆီကနေ ပြန်လာရင် ဆရာဝန်ဆီ ဖုန်းပြန်ဆက်ရမယ်တဲ့။ ဘယ်လိုပြောရမလဲ ဆိုတော့ ဆေးခန်းမှာ ပိုက်ဆံအိတ် ကျန်ခဲ့ပါတယ်တဲ့။ ပိုက်ဆံက ၂၅၀ လောက်နဲ့ အရေးကြီး စာရွက်စာ
တမ်းတွေ ပါပါတယ်ပေါ့။ နက်စ်မကိုပေးလိုက်ပါ ညနေကျလာယူမယ်လို့ ပြောခိုင်းတာ။ ပိုက်ဆံအိတ် တကယ်မကျန်ခဲ့ဘဲ ကျန်ခဲ့တယ်ပြောရမှာတဲ့။ ဘာဘူ နားမလည်နိုင်ဘူး။ သူကမရှိဘူးပြောရင် “ ကျနော်ကတော့ ဒေါက်တာကိုလေးစားလိုက်ရတာ။ ပိုက်ဆံရာကျော်လေးနဲ့ မခိုးသင့်ပါဘူး” လို့ ပြောရမယ်ဆိုပြီး သင်ပေးတယ်။ ဘာဘူဒေါပွသွားပြီ။ ပြနေကျသူ့ ဆရာဝန်ကိုဒီလိုပြောခိုင်းရပါ့မလားဆိုပြီး။

ဖအေက ရှင်းပြတယ်။ သူနဲ့ဒေါက်တာ ပြတ်သွားစေချင်လို့တဲ့။ ဘာမှမဖြစ်ဘဲ ဒေါက်တာ့ဆေးခန်း ခဏခဏသွားနေလို့တဲ့။ ဒီတိုင်းမပြနဲ့တော့ ပြောလည်း ရနေတာပဲလို့ ဘာဘူက ပြောတယ်။ ဖအေက ဟုတ်ပြီဆိုပြီး စာအုပ်ထဲရေးမှတ်တယ်။ ဆေး
ခန်းလာမပြရတဲ့။ လက်မှတ်ထိုးခိုင်းတယ်။ လိုအပ်ရင်လာပြပေးမယ်တဲ့။

နောက်တဆင့်သတ်မှတ်ချက် လာပါပြီ။ ဘာဘူမှာ စောင်ကလေးတစ်ထည်ရှိတယ်။ ဘာဘူဆယ်နှစ်သားတုန်းက မိဘတွေနဲ့ ကက်ရှ်မီးယားကိုသွားတယ်။ အဲဒီကနေ စောင်လေးတစ်ထည်ပါလာတယ်။ အဲဒီစောင်လေးကို ဘာဘူကြိုက်လို့ အိပ်လိုက်တာ ခုဆို နှစ်ပေါင်း ၆၅ နှစ်ရှိပါပြီ။ အဲဒီစောင်မပါရင် ဘာဘူအိပ်လို့မရဘူး။ အဲဒီစောင်ကို ခဏလောက်ဖွက်ထားလိုက်တာ ဘာဘူ ငရံ့ပြာလူးဖြစ်သွားတယ်။

တတိယ ချဲလင့်ကတော့ အဲဒီစောင်လေးကို ဖြဲရမှာပါတဲ့။ ဘာဘူဟာ အဟောင်းတွေကိုတွယ်တာနေတော့ အသစ်ကို ဘာမှ ခေါင်းထဲမထည့်တော့ဘူးတဲ့။ ဘာဘူ စောင်ကလေး ဖြဲနိုင်ပါ့မလား။

လေးခုမြောက် ချဲလင့်ကတော့ မွန်ဘိုင်းတစ်မြို့လုံး လှည့်သွားပါတဲ့။ ဘာဘူမြို့ထဲပတ်သွားရင် ငယ်ဘဝနဲ့ သူ့သားနဲ့ပတ်သက်တဲ့ အမှတ်တရတွေ ပြန်ပေါ်လာပြီး ရင်တွေနွေးသွားခဲ့တယ်။ သားက ဘာဘူတို့နဲ့အဝေးကြီး။ အမေရိကားမှာလေ။ ဖခင်ရဲ့စကားကတော့ “ ကျေးဇူးမသိတတ်တဲ့သားသမီးရှိရင် သူ့ကိုမေ့ပစ်ပြီး ကလေးဘဝကိုပဲ ပြန်သတိရပါ” တဲ့။

ငါးခုမြောက်ချဲလင့်က မိဘကိုပစ်ထားပြီး အမွေပဲလိုချင်နေတဲ့ဘာဘူ့​သားကို မေ့ပစ်လိုက်ဖို့ပါ။ ဖခင်ကြီးသဘောထားက ရှင်းပါတယ်။ သူ့သားကို လွတ်မြောက်စေချင်တာ။ သူ့ဘဝကြီးကိုမေ့ထားပြီး သူ့ကိုလှည့်မကြည့်တဲ့ အဝေးက သားရဲ့မိသားစုကိုပဲမျှော်နေတာကိုဖခင်ကြီးက ပြောင်းလဲ
ပေးချင်တာ။ “ ငါ့သားကို သူ့သားက မနိုင်စေရဘူး” တဲ့။

ဘာဘူက ဘယ်လိုထင်သွားလဲဆိုတော့ ဒီအိမ်ကြီးကို ဖခင်ကြီးက သူ့သားကို အမွေ မပေးချင်လို့ ညစ်နေတာလို့ ထင်သွားတာ။ ဖအေကိုတောင် ဘာဘူပြန်ပြောမိတယ်။ ဒီအိမ်က ကျွန်တော်နဲ့လည်းဆိုင်တယ်။ တရားရုံးထိတက်မှာနော်တဲ့။ ဖခင်ကြီး မျက်ရည်ဝဲခဲ့ရတယ်။ သားတွေအတွက် သားအဖနှစ်ယောက်ရဲ့တိုက်ပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သားဖြစ်သူဘာဘူတစ်ယောက် သူ့ဖေဖေသင်ပြပေးခဲ့တဲ့ ပျော်ရွှင်နည်းကို သိသွားခဲ့ပါတယ်။

လူ့ဘဝမှာ အတိတ်တွေထဲမှာပိတ်မိပြီး ရှင်သန်နေခဲ့ကြသူတွေရှိတယ်။ တိုက်ဆိုင်မှုတွေရှိခဲ့တဲ့ သီချင်းဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ နားထောင်နေမိတာတွေ၊ အဟောင်းတွေကိုပဲ တွယ်တာနေမိတာတွေ။ စွန့်ပစ်သင့်တာတွေကို မစွန့်ဘဲ ဘဝတလျှောက် အလေးခံပြီး သယ်ပိုးနေခဲ့တာတွေ…..။မိတ်ဆွေကော ဘာတွေ သယ်ပိုးနေခဲ့ပါသလဲ။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ဒီကာလ ဆီတင်ကားကြီးတွေတွေ့တဲ့အခါ ဝမ်းသာအားရ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အရင်ကာလကတော့ အမှုမဲ့အမှတ်မဲ့ပေမဲ့ ခုလို အာဏာသိမ်းကာလမှာတော့ စက်သုံးဆီကို မကြာခဏ ခက်ခက်ခဲခဲ ဝယ်နေရတော့ ဆီတင်ကားကြီးတွေမြင်တိုင်း ဆီရှိနေပါသေးလားဆိုတဲ့ ခံစားမှု ရရှိစေလို့ပါ။ အခုတော့စစ်ပွဲရဲ့ အငွေ့အသက်တွေကြားမှာ စက်သုံးဆီဟာလည်း မီးခိုးငွေ့တွေလိုပဲ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေပါပြီ။

ရုပ်ရှင်ခံစားမှု

ကားလ် (Carl)နဲ့ အယ်လီ (Ellie) တို့ဟာ ငယ်ချစ်တွေပါ။ သူတို့နှစ်ဦးစလုံးဟာ စွန့်စားသွားလာရတာကို ဝါသနာပါပြီး တောင်အမေရိကက ပါရာဒိုက်ရေတံခွန်ကြီးဆီသွားဖို့ ငယ်ငယ်ကတည်းက စိတ်ကူးရှိခဲ့ကြတယ်။

ရုပ်ရှင်ခံစားမှု

ဝဇီရာ/People’s Spring ၁၅၈၀ ပြည့်နှစ်ဝန်းကျင်၊ အင်္ဂလန်နိုင်ငံက အေးချမ်းလှတဲ့ ကျေးရွာလေးတစ်ရွာမှာ အက်ဂ်နက်စ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် နေထိုင်ပါတယ်။အဲဒီအချိန်မှာတချိန်ကျကမ္ဘာကျော် စာရေးဆရာကြီးဖြစ်လာမယ့် ရှိတ်စပီးယားဟာ အက်ဂ်နက်စ်ကိုတွေ့မြင်ပြီး သဘောကျသွားခဲ့တယ်။ မိခင်ကြီးက သဘောမတူတဲ့ကြားက အက်ဂ်နက်စ်ကို ယူခဲ့တယ်။ အက်ဂ်နက်စ်က နည်းနည်းလေးတော့ ထူးခြားတယ်။ သူက သဘာဝတရားကိုနားလည်တယ်။ ဆေးဖ​က်ဝင်အပင်တွေအကြောင်းလည်း...

ရုပ်ရှင်ခံစားမှု

၁၉၅၇ ခုနှစ်၊ ခရစ္စမတ်အကြိုညမှာ လူငယ်လေယာဉ်မှူး Freddie Hooke ဟာ ဂျာမနီကနေ အင်္ဂလန်ကို တစ်ယောက်တည်း လေယာဉ်မောင်းပြီး ပြန်လာခဲ့ပါတယ်။ လမ်းခုလတ် မြောက်ပင်လယ် (North Sea) အထက်မှာ သူ့လေယာဉ်ရဲ့ လျှပ်စစ် စနစ်တစ်ခုလုံး ပြတ်တောက်သွားပြီး ရေဒီယိုရော၊ သံလိုက်အိမ်မြှောင်ပါ အလုပ်မလုပ်တော့ပါဘူး။