close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျေးရွာထဲ ဗုံးမှားကြဲခဲ့တဲ့ တိုက်လေယာဉ်မှူး နှစ်ယောက်ကို တောင်ကိုရီးယား စစ်တပ် စွဲချက်တင်

ကျေးရွာတစ်ခုကို ဗုံးမှားကြဲချမိခဲ့တဲ့ တောင်ကိုရီးယား လေတပ် တိုက်လေယာဉ်မှူး နှစ်ယောက်ကို ရာဇဝတ်ကြောင်းအရ စွဲချက်တင်ထားလိုက်ကြောင်း သိရပါတယ်။

Reuters

ကျေးရွာတစ်ခုကို ဗုံးမှားကြဲချမိခဲ့တဲ့ တောင်ကိုရီးယား လေတပ် တိုက်လေယာဉ်မှူး နှစ်ယောက်ကို ရာဇဝတ်ကြောင်းအရ စွဲချက်တင်ထားလိုက်ကြောင်း သိရပါတယ်။

မတ်လ ၆ ရက်နေ့တုန်းက တောင်ကိုရီးယား လေတပ်ရဲ့ KF-16 တိုက်လေယာဉ် နှစ်စီးဟာ စစ်ရေးလေ့ကျင့် ပျံသန်းရင်း လေ့ကျင့်ရေးဇုန် အပြင်ဖက်မှာရှိတဲ့ လူနေ ကျေးရွာ တစ်ခုပေါ်ကို မှားယွင်းပြီး ဗုံး ၈ လုံး ကြဲချခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် လူ ၂၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး နေအိမ် အဆောက်အအုံ ပျက်စီးမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့မှာတော့ တောင်ကိုရီးယား စစ်တပ်က ရာဇဝတ်မှု မြောက်လောက်တဲ့ ပေါ့ဆမှုအတွက် အဲဒီ တိုက်လေယာဉ်မှူး နှစ်ယောက်ကို စွဲချက်တင်ခဲ့တယ်လို့ အတည်ပြုပါတယ်။

လေယာဉ်တွေရဲ့ ကွန်ပျူတာ စနစ်ထဲကို ပစ်မှတ်နေရာ ကိုဩဒိနိတ်တွေကို လေယာဉ်မှူးတွေက မှားထည့်မိခဲ့ခြင်းဟာ အခုလို ဆိုးရွားတဲ့ လွဲချော်မှုကို ကြုံတွေ့စေတဲ့ အဓိက အကြောင်းရင်းလို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြစ်မှု စုံစမ်းရေးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်အတွင်း ပဲ့ထိန်းစနစ် မပါတဲ့ ပေါင် ၅၀၀ ဗုံး ၈ လုံးကို တိုက်လေယာဉ်တွေက မြောက်ကိုရီးယား နယ်စပ်နားမှာရှိတဲ့ ပိုချွန်ရွာထဲကို ကြဲချမိခဲ့တာ ဖြစ်ပါတယ်။ ပိုချွန်နဲ့ အနီးတဝိုက် ဧရိယာတွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေ စစ်ရေးလေ့ကျင့်ရာ ဇုန်နယ်မြေတွေ သတ်မှတ်ထားပါတယ်။

လေယာဉ်မှူး နှစ်ယောက်ကို လေယာဉ် ပျံသန်းခွင့်ကနေ အကန့်အသတ်မရှိ ဆိုင်းငံ့ထားပြီး အပြီးတိုင် ရုပ်သိမ်းသင့်သလား ဆိုတာကိုလည်း သီးခြားကြားနာမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား လေတပ်ဟာ အရပ်သားတွေ ထိခိုက်နစ်နာခဲ့ရတဲ့ အဲဒီ မှားယွင်း ဗုံးကြဲမှုနဲ့ ပတ်သက်လို့လည်း တောင်းပန်ထားပါတယ်။

မြောက်ကိုရီးယားကတော့ အဲဒီလို စစ်ရေးလေ့ကျင့်မှု အမှားအယွင်းဟာ ဘယ်လောက် အန္တရာယ် များသလဲ ဆိုတာကို မြင်သာစေကြောင်း ဝေဖန် ထောက်ပြခဲ့ပြီး ဗုံးတစ်လုံးလောက်သာ မြောက်ကိုရီးယား ပိုင်နက်ဖက် ကျော်လွန် ကျရောက်ရင် နောက်ဆက်တွဲ ပြဿနာတွေ အကြီးကြီး ဖြစ်သွားနိုင်တယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

Facebook