Hi, what are you looking for?
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူးပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။
တနင်္သာရီတိုင်း ၊ တနင်္သာရီမြိုနယ်၊ သိန်ခွန်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိအခိုက်များပြားပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် စစ်ကောင်စီတပ်သား ၁၂ဦး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်သည်။