Hi, what are you looking for?
အာဏာသိမ်းတာကို ဆန့်ကျင်လို့ အင်းစိန်ထောင်မှာ ဖမ်းခံထားရတဲ့ ကိုသက်ပိုင်ထွေး ဟာ အောက်တိုဘာ၁၉ ရက် ညပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။ အချုပ်အနှောင်ကနေလွတ်လာလို့ ဝမ်းသာနေတဲ့ ကိုသက်ပိုင်ထွေးရဲ့ ပျော်ရွှင်မှုဟာ နာရီပိုင်းမကြာလိုက်ပါဘူး။ အိမ်ကိုရောက်ပြီး ၁ နာရီမပြည့်ခင်မှာတင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အိမ်ကိုကိုလိုက်လာပြီး ထပ်မံဖမ်းဆီးသွားတာပါ။ “ညီမတို့အိမ်ရောက်တာ ၄၅ မိနစ်တောင်မပြည့်ပါဘူး...