close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကောလင်းကိုဗုံးထပ်ကြဲ ပြည်သူ ၂ဦးဒဏ်ရာရ

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

(Y-12 ​လေယာဥ်တစ်စီး။ဓါတ်ပုံ- Airliners)

စက်တင်ဘာ-၂၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်က ကောလင်းမြို့နယ်ထဲကို ယ​မန်​နေ့ညသန်း​ခေါင်ယံမှာလေကြောင်းကနေ ဗုံးထပ်ကြဲတာ​ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်တပ်ကို လက်တုန့်ပြန်သွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။

ကောလင်းမြို့နယ်အရှ့ရှမ်း ကချင်ကုန်းရွာနဲ့ ရှောက်ပင်ဝိုင်းရွာကို စက်တင်လာလ ၂၆ရက် ညသန်း​ခေါင်အ​ကျော် ၁၂နာရီ ၅နစ်နစ်နဲ့ ၁၂နာရီ ၈မိနစ် (စက်တင်ဘာ ၂၇ မနက်အ​စော) မှာ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပြည်သူနှစ်ဦးဒဏ်ရာရပြီးနေအိမ်တစ်လုံးလည်းပျက်စီးခဲ့သလို စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူကို ပစ်မှတ်ထားတာလို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးဟာစိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။

ကောလင်းအရှေ့ခြမ်း ကချင်ကုန်း အနီးတဝိုက်ကိုY-12 ​လေယာဥ်ဖြင့်(၆)ကြိမ်တိုက်ခိုက်ပြီးပြည်သူ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ​ကောလင်း​ဒေသသတင်း​တွေကို​ဖော်ပြ​နေတဲ့ Kaw Lin Info ကလည်း​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ၂၄ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုယ်ကုန်းရွာကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် ဒေသခံသုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

“ကချင်ကုန်းရော၊ရှောက်ပင်ဝိုင်းရော၊ကုက္ကိုယ်ကုန်းရော တော်လှန်ရေးတပ်တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေမရှိဘူး။အရပ်သားတွေ သွားလာပြီဈေးရောင်း ဈေးဝယ်လုပ်နေတာ။ တိုက်ပွဲမဖြစ်တာလည်းတော်တော်ကြာပြီ ဟုတ်တယ်။အခုကတော့ စကစတပ်က တမင်သက်သက် လာကြဲသွားတာ”လို့ ဒေသခံတဦးကပြောပါတယ်။

အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အကြမ်းဖက်လုပ်ရပ်အတွက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကစစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို ယခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာလ၂၃ရက် မနက်မှာ အင်းတော်မြို့နယ်ထဲကိုဗုံးကြဲခဲ့တာ​ကြောင့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နဲ့ ကုန်သည်တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုးသမီးတဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။အရပ်သားပြည်သူကိုဦးတည်တိုက်ခိုက်တဲ့စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ၂၃ရက်နေ့ကလည်း ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ဒါ့အပြင် ဟုမ္မလင်းမြို့နယ်ထဲမှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကသာ၊ကောလင်း၊ အင်း‌ တော်၊ ပင်လည်ဘူးမြို့နယ်တွေကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

လူနေရပ်ကွက်နဲ့အကျဉ်းစခန်းကိုကျရောက်ပေါက်ကွဲပြီးသေဆုံးထိခိုက်သူတချို့ရှိနေ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

Facebook