ဆောင်းပါး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းရှိ ထနောင်းတောတောင်ရွာကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီမထိုးမီ ၁၅ မိနစ်ခန့်အလိုတွင် အင်အား ၆၀ နီးပါးပါသော စစ်ကောင်စီတပ်က ရုတ်တရက်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းရှိ ထနောင်းတောတောင်ရွာကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီမထိုးမီ ၁၅ မိနစ်ခန့်အလိုတွင် အင်အား ၆၀ နီးပါးပါသော စစ်ကောင်စီတပ်က ရုတ်တရက်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။
ယနေ့ (မတ်လ ၁၅ရက်) နံနက် ၆ နာရီခန့်တွင်မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ခဲ့သည်။ ထို့နောက် နံနက်၉နာရီခန့်တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။