close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဗုံးကြဲ​​နေတဲ့ ရွှေဘိုမြို့မှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

အောက်တိုဘာ ၁၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၁ နာရီ ၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီငလျင်ဟာ စစ်ကိုင်းတိုင်းတင်မကဘဲ မန္တ​လေးမြို့နဲ့ အနီးတဝိုက်အထိပါ သိသာစွာ လှုပ်ခတ်သွားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “အသံကြီးနဲ့မြည်ပြီးလာတာ။ အိမ်တောင်တော်တော်လှုပ်သွားတယ်”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီငလျင်ကြောင့် ပျက်စီးထိခိုက်မှု ရှိ၊မရှိ မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုနဲ့ မုံရွာခရိုင်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေတာပါ။

အောက်တိုဘာ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဘုန်းကြီး ကျောင်း၊တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တာမို့ ပြည်သူ ၂ဦး သေဆုံးခဲ့ပါတယ်။ မနေ့က အောက်တိုဘာ ၁၂ ရက်မှာလည်း ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၁၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက် နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမြေမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ ကာကွယ်ရေးအဖွဲ့‌တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ၂နာရီကြာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Facebook