close
Connect with us

Hi, what are you looking for?

သတင်း

မဟာစည်ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ကျောင်းတိုက်ကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ နှစ်ဦးသေဆုံး၊ ရှစ်ဦးထက်မနည်းဒဏ်ရာရ

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ – ၁၁ ၊၂၀၂၆

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်း ၁၁ နာရီ ၄၄ မိနစ်က ဆိပ်ခွန်ရွာမှာ ရှိတဲ့ မဟာစည်ကျောင်းကို တိုက်လေယာဉ်သုံးပြီး သုံးကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်အရပ်သား ပြည်သူနှစ်ဦးသေဆုံးပြီး ရှစ်ဦးထက််မနည်းထိခိုက်ဒဏ်ရာရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဓမ္မာရုံ၊ ရိပ်သာဆောင် ၊ဇရပ်၊စောင်းတန်းတွေလည်း ပျက်စီးသွားတယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ မဟာစည်ကျောင်းတိုက်ဟာ မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်ဖြစ်တယ်လို့ လည်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုထားပါတယ်။

မဟာစည်ဆရာတော် ဦးသောဘနဟာ ဝိပဿနာတရားကို သင်ကြားပြသရာမှာ ထင်ရှားခဲ့တဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ဇာတိရွာဖြစ်ပြီး ဒီနေ့မှာ စစ်တပ်ဗုံးကြဲတဲ့ ဆိပ်ခွန်ရွာဟာဆိုရင် ရွှေဘိုမြို့ရဲ့အနောက်ဘက် ခုနှစ်မိုင်ခန့်အကွာ မှာရှိတာပါ။

အခုလို ဗုံးကြဲခံရတဲ့နေ့ဟာ ဥပုသ်နေ့ လည်းဖြစ်ပါတယ်။ ဒီနေ့ဟာဆိုရင်ဗုဒ္ဓဘာသာဝင်တွေအတွက် သီတင်းသီလဆောက်တည်ရာ ဥပုသ်နေ့ ( တော်သလင်းလကွယ်နေ့) ပါ။

ဆက်စပ်သတင်းများ

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

သတင်း

မကွေးတိုင်းအစပ် ချင်းပြည်နယ်က ကျင်ဒွေးမြို့ထိုးစစ်မှာ ထိခိုက်သေဆုံးမှုများနေတဲ့ အာဏာသိမ်းစစ်တပ်က အင်အားထပ်ဖြည့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်လုပ်နေတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Trending

Facebook