close
Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲကြမ်းနေတဲ့ စစ်ကိုင်းမှာ စစ်တပ်က ဘုရားပွဲတွေ ပြန်လုပ်ခိုင်းနေ

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

(ပြီးခဲ့သည့်ရက်က ပြုလုပ်ခဲ့သည့် စစ်ကိုင်း ထူပါရုံဘုရားပွဲအား တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

အောက်တိုဘာ ၆၊ ၂၀၂၆။ ဇေအောင်/People’s Spring

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းကာလအတွင်း ဘုရားပွဲတွေ ကျင်းပခြင်းမရှိတော့တဲ့ စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က ယခုနှစ် ဝါတွင်းကစပြီး ဘုရားပွဲတွေ ပြန်လည်ကျင်းပစေခဲ့ပြီး အခြားဘုရားပွဲတွေကိုလည်း ပြန်လည်ပြုလုပ်ခိုင်း​​နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ပတ္တမြားစေတီဘုရားပွဲ၊ ယခုအောက်တိုဘာဆန်းမှာ ထူပါရုံဘုရားပွဲနဲ့ လာမယ့်သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလတွေမှာလည်း ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှုတော်ဘုရားပွဲတွေ ပြန်လည်ကျင်းပဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ငါးထပ်ကြီးနားမှာက စစ်တပ်က တပ်စွဲထားတာ။ ငါးထပ်ကြီးနားတောင် မကြာခဏ ပစ်ခတ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့မှာ စစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့အပြင် မုံရွာမြို့မှာလည်း လာမယ့် သီတင်းကျွတ်မှာ ဘုရားကြီးပွဲကို ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။

ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

Facebook