close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် ကောင်ဂျာယန်တိုက်ပွဲ စစ်တပ်ထံက လက်နက်မျိုးစုံ ၅၀ခန့်နဲ့ ကျည်ခဲယမ်းတွေ KIA ပူးပေါင်းတပ်သိမ်းရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Screenshot

စက်တင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ကောင်ဂျာယန်ကျေးရွာဘက် ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၂ရက်ညနေပိုင်းကနေ စက်တင်ဘာ ၁၄ရက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်က သေဆုံးသူ ၄၀ကျော်ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အရှင်ဖမ်းမိခဲ့ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က ကောင်ဂျာယာန်မှာ ရတဲ့ လက်နက်ခဲယမ်းတွေ” လို့ ကချင်သတင်းရင်းမြစ်က သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ပြသပါတယ်။

ရုပ်သံမှတ်တမ်းပါ လက်နက်ခဲယမ်းတွေကို ရေတွက်ကြည့်ရာ လက်နက်ကြီးငယ်မျိုးစုံ အလက် ၅၀ခန့်နဲ့ လက်ပစ်ဗုံးတွေ၊ ကျည်တွေ၊ အီနာဂါဗုံးသီးတွေ ကျည်ဘေက်တွေ၊ လက်နက်ကြီးကျည်တွေ၊ RPG ဗုံးသီးတွေ၊ ဒရုန်းဂျန်ဘာနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းရထားတာကို တွေ့ရပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့နယ် စင်းခန်းတံတားအနီး တိုက်ပွဲနဲ့ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲတွေမှာလည်းအထိနာလျက်ရှိပါတယ်။ အဲဒီဒေသ တိုက်ပွဲတွေမှာလည်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေသလို မြေပြင်ကလည်း ထိုးစစ်ဆင်တာတွေ တပြိုင်တည်းလုပ်ဆောင်ခဲ့ပေမဲ့ အဲဒီ စစ်ဆင်ရေးနှစ်ခုလုံး အောင်မြင်မှု မရှိဘဲ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ သင်္ဘောတွေ ထိခိုက်ပျက်စီးတာ၊ စစ်ကောင်စီတပ်တွေသေဆုံးထိခိုက် စစ်သုံ့ပန်းဖြစ်ရတာတွေများစွာ ရှိခဲ့ပြီး စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကျရှုံးလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook