close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

(မုံရွာ-မန္တလေးလမ်း အုန်းတောလမ်းဆုံတွင် ဖြတ်သန်းသွားလာနေသော ယာဥ်များအား ပြီးခဲ့သည့် နှစ်အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၁ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာမြို့နယ်၊ မုံရွေးရွာရှိ တိုးဂိတ်ကနေ ကြေးမုံရွာထိပ်အထိ လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ခရီးသွားယာဥ်တွေပေါ်က ပြည်သူတွေကို ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“တန်ပိုဂိတ်က စစ်တပ်က မုံရွေးစျေးထိပ် ကြေးမုံရွာထိပ်ထိ သွားလာတဲ့သူ ပြည်သူတွေကို မိုင်းတွေ ရှင်းခိုင်းနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မုံရွာ–ချောင်းဦးလမ်းပိုင်းရှိ မအူရွာ၊ မြေနဲရွာ၊ အောင်သာရွာနဲ့ မုံရွေး–ကြေးမုံရွာထိပ်တွေမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေကြောင်း၊ အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာသူတွေ သတိပြုသွားလာဖို့လိုကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

စစ်တပ်ဟာ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင် က ကြေးနီတွေ သယ်ဆောင်ချိန်နဲ့ လက်နက်နဲ့ရိက္ခာတွေ၊ စစ်အင်အားတွေ သယ်ဆောင်ချိန် လုံခြုံရေးတင်းကျပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇၊ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမှာ ဝမ်ပေါင်က ကြေးနီတွေ သယ်လာတဲ့ စစ်ကောင်စီယာဥ်တွေ စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းတပ်မ(၃၃)ဘက် ဦးတည် ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။