close
Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတိုက်ပွဲ စစ်တပ် အထိနာ၊ လက်နက်အချို့သိမ်းရ

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ရွှေကူမြို့နယ်မှာ စစ်မျက်နှာ ၄ခုလောက်မှာ စစ်ကြောင်းတွေထိုးလာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

“တိုက်ပွဲက နေ့တိုင်းပဲ။ မနေ့က စခ ၁၀၀ လောက်ထိခိုက်သေဆုံးရှိတယ်။ လက်နက်တွေရတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကူမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ စစ်တပ်ဘက်က လေကြောင်းကနေ အကြီးအကျယ် ဗုံးကြဲနေတာတွေ ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသိပေးထားပါတယ်။

စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ ရှေ့တိုးနိုင်တာမရှိသလို KIA ထိန်းထားတဲ့နယ်မြေတွေ ကနေ ဖယ်ပေးလိုက်ရတာမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။

စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ရွှေကူဒေသမှာ မြေပြင်တိုက်ပွဲတွေရှိနေသလို စစ်တပ်ဟာ ရေလမ်းကြောင်းကနေ အင်အားဖြည့်ဖို့ ကြိုးပမ်းနေလို့ KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေကြောင်း အသိပေးထားပါတယ်။

စစ်တပ်ဟာ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို စစ်သင်္ဘောအုပ်စုနဲ့ စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၅ရက်မနက်မှာ စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်ကနေ ဧရာ၀တီမြစ်အထက်ပိုင်းကို ဆက်လက်ဆန်တက်သွားတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်းကနေ ကင်းထောက်လုံခြုံရေးယူပြီး စစ်သင်္ဘောတွေ ဆန်တက်နေတာဖြစ်ပေမဲ့ တော်လှန်ရေးတပ်အချို့က လမ်းမှာ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းရှိပါတယ်။ စစ်သင်္ဘောအုပ်စုကို ဒရုန်းနဲ့တိုက်ခိုက်မှု ရုပ်သံတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဇာတိကို အလောင်းပြန်မသယ်နိုင်ခဲ့ဘဲ ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။