close
Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမှာစစ်တပ်ရဲ့လက်နက်ကြီးကြောင့်သားအဖနှစ်ဦးဆုံးပါး

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ကျောက်ဆင်ရွာ တည်နေရာပြမြေပုံ ( ဓာတ်ပုံ - Open Street Map)

သြဂုတ် – ၂၁ ၊၂၀၂၆/People’s Spring

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သြဂုတ်လ ၁၈ ရက် ၊မနက်ပိုင်း ၁၁ နာရီခန့်ကလောင်းလုံးမြို့နယ်အခြေ စိုက်အမှတ်( ၁၀၄) ခြေမြန်တပ်ရင်းက လောင်းလုံးမြို့ရဲ့မြောက်ဘက် မှာရှိတဲ့ကျောက်ဆင်ရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလို့ ဒေသခံအချို့က ဆိုပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ရွာတိုက်ပွဲမရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ဟာရွာထဲက အိမ်ပေါ် တည့်တည့်ကျတာလို့ ဒေသခံက ပြောပါတယ်။

အဲဒီအိမ်က သေဆုံးသူသားအဖဟာအသက် ၅၀ အရွယ်နဲ့ ၃၅ နှစ်အရွယ်တွေဖြစ်ကြပါတယ်။ ဒါအပြင် ကလေးငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရလို့ဆေးကုသနေရပါတယ်။

လောင်းလုံးမြို့ဟာ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး ထားဝယ်မြို့ပေါ်က ဆိုရင် ၁၈ မိုင်ခန့်ဝေးပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေလည်းထွက်ပြေးရတဲ့ ရွာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၂၁ ရက်(ဝါတွင်းဥပုဒ်နေ့) မနက်အစောပိုင်းမှာ ရခိုင်ပြည်နယ် ၊ဂွမြို့နယ် ညောင်ချောင်းကျေးရွာ နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

ကျောင်းထိုင်ဆရာတော်အပါအဝင် ၁၂ ဦးသေဆုံး၊ ၂၀ ဦးခန့်ဒဏ်ရာရ

သတင်း

ကျောင်းထိုင်ဆရာတော်အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။