close
Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ ကျောင်းသားဘောလုံးပြိုင်ပွဲအနီး စစ်တပ် လက်နက်ကြီးကျပေါက်ကွဲ

မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

(လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့မှုများ။ ဓာတ်ပုံ - ပဲခူးခရိုင်ပကဖ )

ဩဂုတ်-၂၀၊ ၂၀၂၆။ဒလပန်း/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်းအနီး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့တာကြောင့် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဩဂုတ် ၁၉ နံနက် ၁၁ နာရီခန့်မှာ ကျိုက်ထိုမြို့နယ် ၅ ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းအနီးကို စစ်တပ်ရဲ့ သိမ်ဇရပ်အမြောက်တပ် (၃၁၀)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

“ တိုက်ပွဲ ဖြစ်တာမျိုးလည်းမရှိဘူး။ ကျောင်းသားဘောလုံးပြိုင်ပွဲလုပ်နေကြတာ။ အဲ့ချိန်ကွင်းဘေးက အိမ်ကိုကျတာ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်း ကပ်ရပ် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး ဦးခေါင်းထိမှန် သေဆုံးပြီး ကလေးငယ် ၇ဦးနဲ့ လူကြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ လူနာတွေကို ရန်ကုန်နဲ့ ပဲခူးဆေးရုံကြီး ပို့ဆောင်ထားပြီး တခြားထိခိုက်လူနာတွေကတော့ သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

(လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့မှုများ။

ဓာတ်ပုံ – ပဲခူးခရိုင်ပကဖ )

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲ​တွေပြင်းထန်နေပြီး ​တောင်​မော်ဦး​ရေတပ်နဲ့ပိုနီးလား

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။