close
Connect with us

Hi, what are you looking for?

သတင်း

သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ၊ သားအဖ နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

(ဗုံးကြဲခံရပြီး​နောက် အပျက်အစီး​တွေကို တွေ့ရစဉ်။ ဓါတ်ပုံ-AA Infodesk)

ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကဩဂုတ်၁၆ရက်မနက်၆နာရီ ၄၀မှာ သံတွဲမြို့ပေါ် တနေရာနဲ့ ၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

​သေဆုံးခဲ့တဲ့သားအဖ ဟာ အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့​ရွှေရည် နဲ့ အသက်၅၀ အရွယ် ဖခင်ဖြစ်သူ ဦမင်း​နောင်တို့ဖြစ်ပါတယ်။ အသက် ၂ နှစ်အရွယ် ​မောင်​ရွှေမိုးယံ​ဇော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦး​ဇေယျာမင်းလွင်တို့ရဲ့ ဒဏ်ရာ​တွေကပြင်းထန်ပါတယ်။ ​ဒေါ်​​ဌေး​ဌေး​မော် နဲ့ သန့်ရှင်း​ရေး ဝန်ထမ်း ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ AA ကအသိ​ပေးပါတယ် ။

စစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကိုလေကြောင်း တိုက်ခိုက်မှုတွေ အခုလပိုင်းအတွင်းဆက်တိုက်လုပ်နေတာပါ။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ သံတွဲ၊ ဂွ၊အိမ်းမြို့နယ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းဗုံးကြဲတာတွေ အဆက်မပြတ်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။

ဩဂုတ် ၁၃ရက်ည ဂွမြို့နယ် ကျိန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ မိသားစုလိုက်သေဆုံးတာ အပါအဝင်အရပ်သား ၈ဦးသေဆုံးကာ အချို့ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ် ၁၀ရက် သံတွဲမြို့နယ် ကျောက်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း အရပ်သား ၁၆ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် ကလည်း စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို အကြိမ်ကြိမ်လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုအများအပြားရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ AAနဲ့ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲကာ အရပ်သား ပြည်သူလူထုကို နေ့ညအချိန်မရွေး လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေလို့ အာရက္ခဒေသတခုလုံး စစ်တပ်လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့လည်း AAက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။