close
Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိ၊ ဝါဒဖြန့်မှုသာဖြစ်ဟု PDF ဇိုလဲန်း ပြော

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

စစ်တပ် ဝါဒဖြန့် ချန်နယ်တွေမှာ PDF ဇိုလဲန်း တပ်ဖွဲ့ဝင် ၇ဦး လက်နက်တွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်လာတယ်လို့ ရေးသားဖော်ပြကြတဲ့အပေါ် ကိုဂိဒွန်က အခုလို ပြောပြတာပါ။

အခုလို အလင်းဝင်တယ်ဆိုတာ စစ်တပ်ရဲ့ ဝါဒဖြန့်မှု သပ်သပ်သာဖြစ်တယ်လို့လည်း ကိုဂိဒွန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ဦးစီးချုပ် ကိုဂိဒွန်ဟာ လည်း လက်ရှိမှာ ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။

PDF ဇိုလဲန်းဟာ ၂၀၂၅ နှစ်ကုန်ပိုင်းက ချင်းမြောက်ပိုင်းထိုးစစ်ဆင်လာတဲ့ စစ်တပ်တွေ အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်ကလည်း တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ချီတက်လာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က သေဆုံးသူ ၆ဦးရှိခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ PDF ဇိုလဲန်းက အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ စစ်တပ် လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA အဖွဲ့ကဝင် ၃ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဇိုမီးတပ် ZRA ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ချင်းမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင် နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။