close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်ရုပ်တုတွေကို စစ်တပ် ဖျက်ဆီး

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်ကိုင်းတိုင်း ရေဦးမြို့က ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲ ကျင်းပခဲ့စဥ်။ ဓာတ်ပုံ - အမ်တီ)

ဇူလိုင်-၁၇၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းက စဉ့်ကူး၊ တကောင်း၊ မိုးကုတ်မြို့တို့က ဗိုလ်ချုပ်ရုပ်တုတွေကို စစ်တပ်က ဖျက်ဆီးယူဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

တကောင်းမြို့အဝင်က ဗိုလ်ချုပ်ရုပ်တုကို ဇူလိုင် ၁၅ရက် ညပိုင်းမှာ စစ်တပ်က တိတ်တဆိတ်ဖျက်ဆီးယူသွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့အနောက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုလည်း ဇူလိုင် ၁၅ရက် ညပိုင်းမှာပဲ စစ်တပ်က လုံခြုံရေး အင်အားချ၊ မီးတွေ ပိတ်ကာ လာယူသွားတာလို့ သိရပါတယ်။

အလားတူပဲ စဉ့်ကူးမြို့က ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က လာရောက်ဖျက်ဆီးကာ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စဉ့်ကူးလာဖျက်သွားတယ်ဆိုတာ ဟုတ်တယ်။ မနေ့ကပဲ သတင်းရတယ်။ မြို့ပေါ်က စကစအထိုင် ‌‌‌‌‌‌‌‌‌‌‌‌‌များတော့ ဘယ်သူမှ မ‌ပြောရဲကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အာဇာနည်နေ့မတိုင်ခင်မှာ မြို့တွေပေါ်က ဗိုလ်ချုပ်ရုပ်တုတွေကို ဆက်တိုက်ဖျက်ဆီးနေပြီး ခင်ဦးနဲ့ နွားထိုးကြီးမြို့က တော်လှန်ရေးတပ်တွေကတော့ ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့က ပြည်သူတွေရဲ့ နေအိမ်နေရာကိုကျူးကျော်ဆိုပြီး ဘူဒိူဇာနဲ့ထိုး သိမ်းယူခဲ့တဲ့ မြေနေရာတွေကို စစ်တပ်က ဂရမ်မြေချပြီး ပြန်လည် ရောင်းစားနေရာ ပေ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း၂၀,၀၀၀ အနိမ့်ဆုံး ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့ရဲ့အနောက်ဘက်ခြမ်းစစ်တွေမြို့နယ် နဲ့ ရသေ့တောင်မြို့နယ်အစပ် ရေချမ်းပြင်ရွာအနီး ကျက်တောပြင်ရွာတဝိုက် အာရက္ခတပ်တော် (AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေတာ​ကြောင့် လေကြောင်းမှပစ်ကူ​ပေးဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။