close
Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စဉ့်ကူးမြို့သဲအင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကို ၂၀၂၂ မေလက တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ဇွန်-၂၃၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ၂၃ရက် ဒီကနေ့ ၁၂နာရီက ထုံးကြီးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့ အနောက်ဘက်က ကျွန်းပေါ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီလက်နက်ကြီးဟာ မြေနုကျွန်းရွာပေါ် ကျပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ဦးဟာ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“၃လုံးက ရေထဲကျတာ ။စိုးရိမ်ရတဲ့ ၂ဦးက လက်နက်ကြီးကြောက်လို့ ပုန်းနေတဲ့ နေရာကို ကျတာလို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ မြစ်ပဲခြားတာကြောင့် စစ်ကိုင်းတိုင်းဘက်ကနေ PDF တွေ ကူးလာမှာစိုးရိမ်ပြီး စစ်တပ်က စဉ့်ကူးနဲ့ မတ္တရာနယ်တို့ကို အင်အားတိုးချတာ တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်အထိုင်တပ်စွဲထားတဲ့ နေရာတွေကနေလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပစ်ခတ်နေပြီး အဲဒီလက်နက်ကြီးတွေဟာ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ် နေပြည်သူတွေရွာထဲကျပြီး ပြည်သူထိခိုက်ဒဏ်ရာရတွေလည်း မကြာခဏဖြစ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။