close
Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ရက်ည ၁၁နာရီခွဲမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျင်ဒွေးမြို့ကို ဗုံးကြဲခဲ့တာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူ ၁၁ဦးရှိပြီး ၆ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“မိဘပြည်သူများ လေယာဉ်သံကြားပါက ဗုံးခိုကျင်းများတွင် နေရာယူပေးကြစေလိုပါတယ်ရှင့် “ ဟု မြို့နယ်လူသားစာနာဘေးစီမံ ဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့နယ်ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လေကြောင်း ပစ်ကူတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီကနေ့ ဇွန် ၂၀ရက်မှာ စစ်တပ်က ကန်ပက်လက်မြို့နယ်ကို တိုက်လေယာဉ်နဲ့ ၈ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်မြို့နယ် ထိုးစစ်မစခင်ကလည်း ကန်ပက်လက်နဲ့ ကျင်ဒွေးကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဧပြီလကုန်ပိုင်းက ကျင်ဒွေးမြို့ တံတားကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့လို့ တံတားပြင်နေတဲ့ အရပ်သား ၉ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။