close
Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ စစ်တပ်သတင်းပေးမှုကြောင့် Starlinkအင်တာနက်အသုံးပြုမှု ပိတ်သိမ်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

(တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ Starlink အင်တာနက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာထားစဉ်။ ဓာတ်ပုံ - GETTY IMAGES)

မေ၈၊၂၀၂၆၊ရှိန်း/People’s Spring

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုများလာတာကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရလို့ အခုလို ပိတ်သိမ်းရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေလ၇ ရက် မနေ့ကလည်း ကနီမြို့နယ်အတွင်းက ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ဆေးရုံတက်ကုသ နေသူ၂ဦး သေဆုံးပြီး ဒဏ်ရာရတွေ ရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ မနေ့ကဆေးရုံသတင်းဆိုရင် လူနာတွေကယ်ထုတ်ကု နေတုန်းသတင်းက ထွက်သွားတာမျိုးရှိတယ်။အခု နောက်ပိုင်းစစ်တပ်က လေယာဉ်ကိုအုပ်လိုက်လာကြဲပြီးတော့ နယ်မြေရှင်းတဲ့အချိန်ပြန်လာကြဲတာမျိုးလည်းရှိတော့ လုံခြုံရေးအရ သတိထားနေရတဲ့အခြေအနေ ဖြစ်တယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ယင်းမာပင်မြို့နယ်ဘက်ကနေ ကနီမြို့နယ်ဘက်ကို စစ်တပ်က စစ်ကြောင်း တွေဆက်တိုက်ထိုးနေတာမို့ လုံခြုံရေးအရ ပိတ်သိမ်းတာဖြစ်တယ်လို့လည်း‌ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာမို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ရုံးလုပ်ငန်းတွေဆောင်ရွက်ရန်မှ လွဲ၍ ကျန်အသုံးပြုမှုများကို မေလ၃ ရက်ကစတင် ပိတ်သိမ်းထားဖို့ အင်းတော်မြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးအရ Starlink ဝိုင်ဖိုင်တွေကို ယာယီပိတ်ခြင်းဖြစ်ပြီး အသုံးပြုပါက သတိပေးတာ၊သိမ်းဆည်းတာ တွေလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းကို အာဏာသိမ်း စစ်တပ် က အင်အားအလုံးအရင်းသုံးပြီး ဧပြီလ ၂၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွှတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။