close
Connect with us

Hi, what are you looking for?

သတင်း

ကချင်၊စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

သုည/People’s Spring

ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ယနေ့ကျရောက်တဲ့ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကျွန်မခံရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဖားကန့်မှော်လှည့်သပိတ်က ပြည်သူတွေ စုပေါင်းပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“စစ်အာဏာရှင်စနစ် အလိုမရှိ”၊ “မတရားမှုမှန်သမျှ ဖီဆန်ကြ”၊ “တော်လှန်မှာလား ကျွန်ခံမှာလား” စတဲ့ ရဲရဲတောက် ကြွေးကြော်သံတွေနဲ့စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း မှော်လှည့်သပိတ်ပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းတို့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း သပိတ်စစ်ကြောင်း နှစ်ခုက တော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖော်ဆောင်ခဲ့ပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ စစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာတစ်ရွာမှာလည်း ရွှေဗန့်ဂျီ သပိတ်အင်အားစုက ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြို လူထုလှုပ်ရှားမှုအဖြစ် “အထွေထွေဖိနှိပ်မှုကို အန်တုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ဆိုတဲ့ စာသားကိုင်စွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

ဆက်စပ်သတင်းများ

သတင်း

သတိုး / People’s Spring ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ယ​နေ့(​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့) နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး​ ဆန္ဒပြခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆို​သော​နေ့ နှစ်ပတ်လည်​​နေ့ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့နံနက်တွင်ဖားကန့်မြို့ရှိဈေးတစ်ခု၌ မှော်လှည့်သပိတ်စစ်ကြောင်းရဲဘော်များက ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ “မတရားမှုမှန်သမျှ ရတဲ့နည်းနဲ့ဆန့်ကျင်ကြ” ၊”ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ”...

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (အောက်တိုဘာ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။