အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ရရှိနေတဲ့ သက်ကြီးလူမှုရေးထောက်ပံ့ကြေး တစ်နှစ် ၁၂၀,၀၀၀ ကျပ် ကို စစ်ကောင်စီက ထက်ဝက်လျော့ချလိုက်ပါတယ်။
ထောက်ပံ့ကြေးပမာဏနဲ့ ထောက်ပံ့ငွေပေးတဲ့ အကြိမ်ရေကိုလည်း လျော့ချလိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက တရားဝင်ကြေညာထားတာပါ။
မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ထောက်ပံ့ကြေးပေးအပ်တဲ့အစီအစဉ်ကို NLD အစိုးရ လက်ထက်မှာစတင်ခဲ့တာဖြစ်ပါတယ်။
NLD အစိုးရ လက်ထက်မှာ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို တစ်လ ကျပ် ၁ သောင်းနှုန်းနဲ့ ၃ လတစ်ကြိမ်ထုတ်ပေးပြီး တစ်နှစ်ကို ၁၂၀,၀၀၀ ကျပ်ထောက်ပံ့ပေးခဲ့တာပါ။
ဒီထောက်ပံ့ကြေးကို အခု ဘဏ္ဍာနှစ်ကစတင်ပြီး စစ်ကောင်စီက ကျပ် ၆ သောင်းအထိ ထက်ဝက်လျော့ချလိုက်ပါတယ်။
ဒါအပြင် ထောက်ပံ့ကြေး ၆ သောင်းကို ၂ကြိမ် သာခွဲထုတ်ပေးမယ်လို့သိရပါတယ်။
