ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNU တို့ ယနေ့နေ့လည်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“ချပြန်ပြီ။ ကော့ကရိတ် ရေကူးကန်နဲ့ ကမိုင်ကုန်းကြားမှာ လက်နက်ကြီးကမိုးရွာသလိုပဲကျတယ်။ ကော့ကရိတ်ရေကူးကန်မှာ ရှိနေတဲ့ စကစတွေကို ဒီက တပ်ဖွဲ့တွေက ဝင်ရောက်ပြီးတော့ တိုက်ခိုက်တဲ့ သဘောတော့ရှိတယ်ထင်တယ်။ အဲဒီလို ပုံစံမျိုးဖြစ်မယ်။ တိတိကျကျ မဖော်ပြတက်ဘူး” ဟု ဒေသခံက ပြောသည်။
တိုက်ပွဲ၌ ထိုခိက်ကျဆုံး အခြေအနေကို မကြားသိရသေးဟု ဒေသခံက ပြောသည်။

“တိုက်ခိုက်မှုက နေ့လည် ၁၂နာရီ ကျော်တာနဲ့ စပြီးဖြစ်တယ်။ အခုထိပေါ့။ အခုထိလည်းကြားနေရတုန်းပဲ”ဟု ဒေသခံသတင်းရင်းမြစ်က ယနေ့ည ၈နာရီခွဲခန့်တွင် ပြောကြားသည်။
ကော့ကရိတ်မြို့နှင့် အနီးတစ်ဝိုက်တွင် ယခင်ကလည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့ပေါ်တိုက်ပွဲများလည်းရှိခဲ့သည်။
