စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စည်ပင်ရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသက်မပြည့်သေးတဲ့ ယောင်္ကျားလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။
ရွှေဘိုမြို့နယ် စည်ပင်ရုံးဟာ ပြီးခဲ့တဲ့စနေနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က ဒေသခံ ၁၆ ဦးကို PDF တွေနဲ့အားပေး ထောက်ခံသူတွေဆိုပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ ဖမ်းမိသူ ၁၆ ဦးမှာ PDF ၄ ဦးနဲ့ အားပေးထောက်ခံသူ ၁၂ ဦးဖြစ်တယ်လို့စွပ်စွဲထားပါတယ်။
ဓာတ်ပုံ − စစ်ကောင်စီ
