စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ တို့ကြား မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အစပ် နောင်ချိုမြို့နယ်ထဲမှာ ၂ ပတ်ကျော်ကြာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ဒေသခံ ၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်။
နောင်ချိုမြို့နယ် ၊ဒိုးပင်ကျေးရွာအုပ်စု ဒိုးပင်၊ နမ့်မွန်၊ သဖန်းကိုင်း၊ လုံးခံ၊ ကြံခင်း၊ နားခါး၊ ကျောက်တန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးရတာဖြစ်ပြီး စစ်ရှောင်ကြရတဲ့ ဦးရေဟာ ၅,၀၀၀ ခန့်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်နဲ့ မန္တလေး PDF ဟာ ဧပြီလ ၅ ရက်ကစတင်ပြီး နောင်ချိုမြို့နယ် ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

” သင်္ကြန်မတိုင်ခင်ကတည်းက ရှောင်လာတာ ပြင်ဦးလွင်မြို့ပေါ်ရောက်နေပြီ ” လို့ ဒိုးပင်ရွာ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပြပါတယ်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တိုးလာပြီး နီးစပ်ရာ ဆွေမျိုးတွေ ဆီသွားရောက်သူရှိသလို ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရသူတွေရှိပါတယ်။
တိုက်ပွဲအတွင်းမှာ နောင်ချိုမြို့နယ်ထဲက ကုလားကွဲကျေးရွာထဲကို လက်နက်ကြီးကျပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ဟိုခဲရွာမှာလည်း အမျိုးသား တစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
၂ပတ် ကျော် ကြာ တဲ့အထိ စစ်ကောင်စီနဲ့ မန္တလေးPDF တို့ကြား တိုက်ပွဲတွေဟာ မနေ့က နေ့ခင်းပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
