စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အဝင်က စစ်ကောင်စီ ဂိတ်ကို မနေ့က မနက်အာရုံတက်ချိန်မှာ ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၂ လက် ရမိတယ်လို့ သိရပါတယ်။
မနက်၄ နာရီခွဲမှာ ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျပြီး သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ Local Mobile Team (DPY) က ပြောပါတယ်။
” ပြန်ကိုမပစ်နိုင်ပဲသေသွားကြတယ်” လို့ ဂိတ်ကို ဝင်စီးရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကို Local Mobile Team (DPY)က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
ကျသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က ဖြစ်တယ်လို့သိရပါတယ်။
