▪︎မြို့အဝင်မှအဝေးပြေးကာဝန်းအထိ့နှင့် ခြောက်ကွေ့ အထိ့ပါလုံခြုံရေးများချထားဟုသိရ
ရန်ကုန်မြို့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်(PDF) ၅၀၀ဦး ဝင်လာမည့် သတင်းကြောင့် ရန်ကုန်မြို့ တွင်း တပ်လှန့်ထားကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။
ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

“အဓိကတော့ တိုးဂိတ်ကနေ အဝေးပြေးဝင်းအထိလမ်းကြောတစ်လျှောက်မှာ အရပ်ဝတ်ရော၊ တိုင်းတပ်ရင်းကပါ စောင့်နေတာရှိတယ်။ပြီးတော့ အဝေးပြေးကနေကျော်လာနိုင်ရင်ထပ်ဆင့် စစ်ဆေးနိုင်ဖို့ ခြောက်ကွေ့ အထိပါ လုံခြုံရေးချထားတယ်”ဟု ရန်ကုန်တိုင်း၌ လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။
အလားတူ ရန်ကုန်တိုင်းရှိ နယ်မြေအလိုက် လူစာရင်း ဝင်ရောက်လာမှုကို သေချာစိစစ်တင်းကြပ်ရန်လည်း အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်းလည်း စစ်ကောင်စီ၏ သီးခြားသတင်းရင်းမြစ်က အသိပေးသည်။
“သတင်းအရတော့ PDF တွေအနေနဲ့ လူအင်အားဖြည့်ပြီး နောက် နှစ်လ လောက်အတွင်း ရန်ကုန်မှာ ကြီးမားတဲ့ ဖောက်ခွဲမှု ဒါမှမဟုတ် တိုက်ခိုက်မှု ရှိမယ်ဆိုပြီး သတင်းအတိအကျ ရတယ်လို့သိရတယ်”ဟု ၎င်းကဆိုသည်။
ယခု ရက်ပိုင်းတွင် ရန်ကုန်မြို့၌ ဒဂုံဆိပ်ကမ်း၊ သာကေတနှင့်သန်လျင် တို့တွင် စစ်ကောင်စီ ၏ အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးနှင့် လက်နက်ကိုင် ပျူစောထီး အချို့ ကိုPDFများကဆက်တိုက်ပစ်ခတ်ရှင်းလင်းခဲ့သည်။ထိုကြောင့် စစ်ကောင်စီသည် ရန်ကုန်တွင်ပိတ်ဆို့ရှာဖွေမှုများပိုမိုပြုလုပ်နေသည်။
