ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။
ကျောက်မဲမြို့နယ် နန်းခုံ နဲ့ လမ်းဆုံရွာ နားက TNLA တပ်စခန်းကို အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ထိုးစစ်ဆင်လာတာလို့ TNLA က ထုတ်ပြန်ပါတယ်။
ဒါကြောင့် မနက်ပိုင်းမှာ ၂ နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပါ သုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက လက်နက် ၄ လက် သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးကာ ၅ ဦးဒဏ်ရာရရှိသွားတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
