တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်း ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတား အမှတ် (၂) ပေါ်ကနေ ဒီနေ့မနက်ပိုင်းက အမျိုးသမီးငယ် ၁ ဦး ခုန်ချသွားတယ်လို့ သိရပါတယ်။
အသက် ၂၀ ခန့်အမျိုးသမီးငယ် တံတားပေါ်က ခုန်ချသွားတာကို သတင်းပေးပို့လာလို့သွားရောက် ရှာဖွေခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် (ခ )ရပ်ကွက်အခြေပြု လူမှုရေးအသင်းကလည်း အသိပေးထားပါတယ်။

လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတွေအရ တံတားလူသွားပလက်ဖောင်းပေါ်မှာ အမျိုးသမီးကိုင် စလင်းဘတ်အမဲရောင် ၁ လုံး ၊ ပိုက်ဆံအချို့ ၊ မိတ်ဆက်လိပ်စာကတ်အချို့ ၊ တယ်လီဖုန်း နဲ့ နားကြပ်ဗူးတို့ကို ချန်သွားတာတွေ့ရပါတယ်။


ခုန်ချသွားတဲ့အမျိုးသမီးငယ်ကို အခုချိန်ထိရှာဖွေနေတုန်းလို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်ကနေအမျိုးသား ၁ ဦးခုန်ချပြီးသေဆုံးသွားပါတယ်။
