စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ဗိုလ်တိုက်ဂါးက ပြောသည်။
ယမန်နေ့(ဇန်နဝါရီ၂၉ ရက်)နံနက် ၅ နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် နဘက်ကျေးရွာသို့သွားပြီး မြောင်မြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်နှင့် စစ်ကြောင်းခြင်းလဲပြီးနောက် ကျောက်ရစ်စခန်းသို့ပြန်လာခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်အား ကင်းရွာနှင့် ကိုးပင်ကျေးရွာကြားတွင် ပထမတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း၊ ကျန်စစ်ကောင်စီတပ်သားများသအား ကိုးပင်ရွာထိပ်အဝင်တွင် ဒုတိယတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

အလားတူ မြောင်မြို့သို့ ပြန်ရန် နဘက်ရွာမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြောင်မြို့နှင့် ကူတို့ကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး မြောင်မြို့ပေါ်အရောက်တွင် သုံးဦးထပ်မံသေဆုံးကြောင်း ၎င်းကဆိုသည်။
ထို့အပြင် မြောင်မြို့နှင့် နဘက်ရွာကြား လမ်းခုလပ်များတွင် T.G.R ထုပ် G3 စနိုက်ပါဖြင့် နှစ်နေရာ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။
ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။
