မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်း ဒေသကို ရေးဘီလူးအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ယင်းဒေသရှိ စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားစေရန်လုပ်ဆောင်မည်ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
“လက်ရှိ ခ(စစ်ကောင်စီတပ်)တွေ မဝင်ရောက်နိုင် အောင် နယ်မြေရှင်းတယ်။ ပြီးတော့ စစ်ကောင်စီ လုပ်ငန်းတွေကို တားမယ်။ အုပ်ချုပ်မှုစနစ်ပြောင်းမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က နယ်မြေရှင်းလင်းခဲ့မှု အပေါ် မှတ်ချက်ပြုဖြေကြားသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို မကြာသေးမီက ဖျက်ဆီးခဲ့သည်။
ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း၊ ရဲစခန်းမှူး နှစ်ဦးအပါအဝင် ရေးနယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီထောက် တိုင်များကို ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံတပ်သားများ အမြန်ဆုံးလက်နက်ချ နှုတ်ထွက်ကြရန်လည်း ရေးဘီလူးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
