နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် V4 လမ်းဆုံရှိ စစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ပြောသည်။
အဆိုပါ ရွှေနံသာရပ်ကွက် V4 လမ်းဆုံ စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၁၉ ရက် ည ၁၀နာရီခွဲတွင် နေပြည်တော်(ပ.က.ဖ)ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အတွင်းသို့ တော်လှန်ရေးရဲဘော်များက လက်ပစ်ဗုံးနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲမှုရှိခဲ့ကြောင်း နေပြည်တော်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။
“ထိခိုက်ဒဏ်ရာရရှိမှုအား မသိရှိရေသးပါ။ ဖုန်းလိုင်းအခြေနေကြောင့် သတင်းအား နောက်ကျမှတင်ရခြင်းအတွက်နားလည်ပေးနိုင်ကြပါစေ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက အသိပေးထားသည်။
