ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း PDF(ကလေး)မှ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်သည် အင်အား ၈၀ဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာစဉ် ဇင်းကလင်းရွာနှင့်ထိုမာကျရွာ ကြားတွင် ယနေ့ မနက်ပိုင်းကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အရင်ရက်ကသုံးအိမ်စုရွာကို သူတို့(စစ်ကောင်စီတပ်)ဝင်လာတယ်. ကျွန်တော်အဖွဲ့က မိုင်း၅လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ သူတို့က မြို့လှရွာပြန်တယ်။ ပြီးတော့သူတို့ဌာနချုပ်ကိုပြန်ဆုတ်သွားတယ်။ အဲ့ဒီပြန်ဆုတ်သွားတဲ့ သူတွေက အခု ထိုမာရွာကို ဝင်လာလို့မိုင်းဆွဲခဲ့တာ။စစ်ကြောင်းက တစ်ခုတည်း တောင်ပိုင်းနယ်မြေတကြောကို ရှင်းလင်းရေးဝင်တာလားဆိုတာခန့်မှန်းလို့မရသေးဘူး”ဟုPDF(ကလေး)တာဝန်ရှိသူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားနှစ်ဦသေဆုံးပြီး တပ်ဖွဲ့ဝင်အများအပြားဒဏ်ရာရရှိခဲ့သည်။စစ်ကောင်စီတပ်ဖွဲများသည် မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်းကျင်၌ ၁၀ မိနစ်ခန့်ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိုမာကျေးရွာအတွင်းသို ဝင်၍ ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်းPDFကလေးကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်အနေဖြင့် အများပြည်သူနေထိုင်နေရာများကို စစ်ကြောင်းထိုးလာနိုင်သဖြင့်တိုက်ပွဲများဖြစ်လာနိုင်ကြောင်းPDF(ကလေး)တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်သည် အင်းအား ၁၀၀ ခန့်ဖြင့်တောင်သာရပ်ကွက်တွင် ဒီဇင်ဘာ ၁၈ ရက်က စစ်ကြောင်းထိုးလာရာသုံးအိမ်စုရွာတွင် PDF(ကလေး)က ဒီဇင်ဘာ ၁၉ ရက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲများ ထိခိုက်သေဆုံးမှု ရှိနိူင်သော်လည်းအတည်ပြုနိူင်ခြင်း မရှိသေးဟုPDF(ကလေး)ကဒီဇင်ဘာ၁၉ရက်တွင်ထုတ်ပြန်ခဲ့သည်။
