မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ်အလုံး ၂၀ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြော သည်။
စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်ညက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ် အလုံး ၂၀မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။



ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သောစစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ရှာပင်ရွာမှ ထွက်လာပြီး မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထို့နောက် မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိလက်ခုပ်ပင်ရွာ၊ မြင်းကိုးသစ်ရွာများမှ တဆင့်ဝါးရင့်ချိုင်ကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။
