Hi, what are you looking for?
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်နဲ့ မေးမြန်းခန်း
ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲတော်ကို စစ်တပ်ထိန်းချုပ်ဒေသတွေမှာ စည်ကားအောင်လုပ်ခိုင်ပြီး တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကိုတော့ ဗုံးဆက်တိုက်ကြဲခဲ့တာကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင် တခုတည်းမှာပဲ စစ်တပ်က သင်္ကြန်ကာလအတွင်းနေ့စဥ် ဗုံးကြဲခဲ့ပါတယ်။
စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်တပ်လွှတ်တော်က ဒီနေ့မှာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်တယ်လို့ကြေညာပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်းအောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။
နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကခင်ဦးမြို့နယ်၊ မုံလှကျေးရွာကနေ ပျဥ်ထောင်ပျူရွာကို ထွက်လာတဲ့ အင်အား ၁၈၀ ခန့်ပါ စစ်တပ်နဲ့ပျူ ပူးပေါင်းစစ်ကြောင်းကိုလမ်းတနေရာမှာ ပကဖ နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဘက်က အများအပြား သေဆုံးပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့...
စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုချင်းတော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတဲ့အခြေအနေ၊ ချင်းညီနောင်နဲ့ အာရက္ခတပ်တော်(ULA/AA) ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှု၊ ချင်းတော်လှန်ရေး အင်အားစုတွေအကြား ညီညွတ်ရေး စတာတွေကို ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီဟာ မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ၊သပိတ်ခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ဦးကျော်နီဟာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေရင်း ပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်လာတာပါ။ ထိန်းချုပ်ဒေသမှာ တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှုများ အားရစရာကောင်းပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့...