close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲ​တော်ကို စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ စည်ကား​အောင်လုပ်ခိုင်ပြီး ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေကို​တော့ ဗုံးဆက်တိုက်ကြဲခဲ့တာ​ကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင် တခုတည်းမှာပဲ စစ်တပ်က သင်္ကြန်ကာလအတွင်း​နေ့စဥ် ဗုံးကြဲခဲ့ပါတယ်။

မေးမြန်းခန်း

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။

မေးမြန်းခန်း

ကောင်ဂျာရွာကို ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်​ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး KHRW ပြောရေးဆိုခွင့်ရှိသူကိုဂျေကော့ကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်းခန်း

ရှမ်းမန်းစစ်ဆင်ရေးတွေ၊ ကျတော်တို့ ၁၀၂၇ စစ်ဆင်ရေးတွေ ကနေရခဲ့တဲ့ မဟာမိတ်တွေ ဆီကနေရခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ နောက်တခုက ဒီဟာတွေနဲ့ ကျတော်တို့ ပေါင်းစပ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားခဲ့တယ်။ လက်ရှိ ကျတော်တို့ဆိုရင်လည်း ‌‌ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းတွေ ကျတော်တို့ စုဖွဲ့မှုလုပ်ကြတယ်ပေါ့။ ကျတော်တို့ ပေါင်းစည်းပြီးတော့ လုပ်နေတာတွေ ရှိတယ်။

မေးမြန်းခန်း

စစ်တပ် နဲ့ တရုတ်အစိုးရတို့လုပ်ဖို့ စီစဥ်​နေတဲ့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုဖျက်သိမ်းဖို့​တောင်းဆို​နေတဲ့မြစ်ဆုံနဲ့ အနီးစပ်ဆုံး ကျေးရွာတရွာက ဒေသခံ အမျိုးသားတဦးကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်းခန်း

ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF-ကန်ပက်လက်၊ CDF မတူပီသုံးဖွဲနဲ့ CDF ဒိုင်ရ်တိုကို စုစည်းပြီး ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူတပ်မတော်(CPU/CPA)ကို ၂၀၂၅ နိုဝင်ဘာ၁၅ရက်မှာဖွဲ့စည်းလိုက်ပါတယ်။

မေးမြန်းခန်း

နေပြည်တော်တိုင်းစစ်ဌာန၊တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်နဲ့​မေးမြန်းခန်း

မေးမြန်းခန်း

COC တစ်ခုတည်းမရှိဘူး။ တပ်တွေက ဖောင်းပွနေတယ်။ ရှိနေတဲ့တပ်တွေက စုစည်းမှု မရှိဘူး။ ပြန့်ကျဲနေတယ်။ ဘယ် COC နဲ့သွားမှာလဲ စသဖြင့် ဒီဟာတွေက ပြည်သူလူထုတယောက်ချင်း ဆီမှာရော နိုင်ငံရေး အင်အားစုတွေကြားထဲမှာရော အမြဲတမ်း ဝေဖန်ထောက်ပြနေတဲ့ မေးခွန်းတွေဖြစ်တယ်။

မေးမြန်းခန်း

​■မြောက်ဦး​ဆေးရုံကြီးဗုံးကြဲခံရမှု ဒဏ်ရာရသူ​တွေကိုကူညီ​နေတဲ့ စာ​ရေးဆရာ​ဝေဟင်​အောင်နဲ့ ​မေးမြန်းခန်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ ဆေးရုံကြီးကို ဒီဇင်ဘာလ၁၀ရက်ညမှာအာဏာသိမ်း စစ်တပ်က တိုက်​လေယာဥ် ၂ စီးနဲ့ ​ပေါင် ၅၀၀ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် သေဆုံးသူပြည်သူ ၃၄ဦးရှိလာပြီး ဒဏ်ရာရသူ ၇၅ ဦးအနက် ၂၆ဦးဟာ...

မေးမြန်းခန်း

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက စစ်ဖက်နဲ့မဆိုင်တဲ့အရပ်ဖက်ပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာဖြစ်ပါတယ်။

မေးမြန်းခန်း

တချို့ကတော့ ရွေးကောက်ပွဲကို တားလို့မရတော့ဘူးပြောတယ် ။မှန်တယ်။ သူတို့ရွေးကောက်ပွဲကို ကျွန်တော်တို့ တားလို့မရသလို ကိုယ့်ရဲ့ ယုံကြည်စွာနဲ့ ဆက်လျှောက်မယ့်လမ်းကိုလည်း တစ်ဖက်က တားလို့မရတော့ဘူး။ ဒါကြောင့် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Facebook